Home Blog

နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် နည်းပညာများသည် တိုးတက်လျှက်ရှိနေပါသည်။ ထိုသို့ တိုးတက်လာသည်နှင့်အမျှ ခေတ်မီသော နိုင်ငံတစ်နိုင်ငံ ဖြစ်ထွန်း လာခဲ့ရခြင်း ဖြစ်ပါသည်။ ကျွန်မတို့ နိုင်ငံတွင်လည်း တဖြည်းဖြည်း တိုးတက်လာသဖြင့် နည်းစနစ်များလည်း ပြောင်းလဲခဲ့ပါသည်။ ယနေ့ခေတ်တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ၊ တစ်မြို့နှင် တစ်မြို့ ၊ တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ရာ၌ လွန်စွာပင် လွယ်ကူလှပါသည်။ ထိုသို့ ဆက်သွယ်ရာ၌ IT နည်းပညာ တစ်ခုဖြစ်သည့် ဆက်သွယ်ရေး လုပ်ငန်းတစ်ခုသည်လည်း လွန်စွာပင် အရေးပါလှပါသည်။

Power Mobile Centre မှ
“မင်္ဂလာပါ” လို့ ပထမဦးစွာ နှုတ်ခွန်းဆက်လိုက်ပါရစေရှင်….

ကျွန်မ အခုပြောမယ့် အကြောင်းအရာကတော့ Power Mobile Centre အကြောင်းပဲ ဖြစ်ပါတယ်ရှင်…

မိုဘိုင်းဖုန်းများ ၊ မိုဘိုင်းလိုင်းကဒ်များ ၊ မိုဘိုင်း အပိုပစ္စည်းများ ၊ ငွေဖြည့်ကဒ်များ
“လူကြီးမင်းတို့”
အလိုရှိပါသလား ???


“လူကြီးမင်းတို့”
လိုအပ်တဲ့ အရာတွေကို နေရာအနှံ့သွားစရာမလိုဘဲ တစ်နေရာထဲမှာ လူကြီးမင်းတို့ စိတ်တိုင်းကျ ပြည့်ပြည့်စုံစုံ ရရှိနိုင်မယ့် နေရာရှိနေတယ်နော်…
အဲဒီနေရာကတော့
Power Mobile Centre” ဖြစ်ပါတယ်…..

မနီလာဝင်း (၃၅)လမ်း “ပါဝါ”

သူငယ်ချင်းရေ…

အခုဆိုရင် Mobile Phone တွေ အရမ်းကို ခေတ်စားလာတယ်လို့ကို ပြောလို့ရပြီနော်…သူငယ်ချင်းတို့ အိမ်မှာ ၊ အလုပ်မှာ ဒါမှမဟုတ် ကိုယ့်အတွက် Mobile Phone နဲ့ Mobile Handset အသုံးလိုအပ်တယ်ဆိုရင် နွေးထွေးမှုအပြည့် ၊ ၀န်ဆောင်မှု့ကောင်းကောင်းနဲ့ တစ်နေရာတည်း တစ်ချိန်တည်းမှာပဲ စိတ်အကျေနပ်ဆုံးနဲ့ ပျော်ရွှင်စွာ နောက်တစ်ခါ ထပ်လာချင်အောင် ဆွဲဆောင်မှုတွေပေးတဲ့ ဆိုင်တစ်ဆိုင်ကို လမ်းညွှန်ပေးမယ်နော်….

မင်္ဂလာပါရှင် Power Mobile Group မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင်…..
ကျွန်မတို့ Power Mobile Group ကြီးသည် ရှေးမြန်မာတို့ အဆက်ဆက် တည်ထောင်ထားသော ကျုံးမြို့ရိုးများ တည်ရှိရာနေရာ ၊ အနယ်နယ် အရပ်ရပ်က အထင်ကရ အသိအမှတ်ပြုလောက်တဲ့ ရွှေမန္တလာမြေ မန္တလေးမြို့မှာ တည်ရှိနေပါတယ်။ ကျွန်မတို့ Power Mobile Group ကြီးသည် လူကြီးမင်းတို့၏ ၀ယ်ယူအားပေးမှု ၊ ဦးစီးတည်ထောင်သူတို့၏ မိသားစု စိတ်ဓာတ်ဖြင့် ခေါင်းဆောင်ကြီးကြပ်ကွပ်ကဲမှု့၊ ၀န်ထမ်းများ၏ တက်ညီလက်ညီ ကြိုးစားမှုတို့ကို အရင်းခံကာ ရည်မှန်းချက် ကိုယ်စီဖြင့် ချီတက်လာခဲ့ရာ ယခုအချိန်တွင် Power Mobile Group သည် အောင်မြင်တိုးတက်လာခဲ့ပြီး မန္တလေးမြို့တွင် ဆိုင်ခွဲ(၆)ဆိုင်မျှ ရှိခဲ့ပါပြီ။