Home General Knowledge

Call Centerက ယခင်ဝန်ဆောင်မှုပေးနေသော ၀န်ဆောင်မှုများနှင့် ဖုန်းနံပါတ် 1876 အပြင် ၀န်ဆောင်မှုအသစ်များ ထပ်တိုးလိုက်ကြောင်း သိရှိရပါသည်။ ထပ်မံတိုးလိုက်သော တယ်လီ ဖုန်းနံပါတ်မှာ 1875 ဖြစ်ပြီး ကျန်းမာရေး ၀န်ဝန်ဆောင်မှုများ၊ ဟိုတယ်ဝန်ဆောင်မှုများ၊ အလုပ်အကိုင် ရှာဖွေပေးသည့် ၀န်ဆောင်မှုများနှင့် ဗေဒင်ဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့ထားပါသည်။ ယခင် 1876 ဖုန်းနံပါတ်နှင့် ပတ်သက်သည့် ၀န်ဆောင်မှုများအား တစ်မိနစ်လျှင် 30 ကျပ်နှုန်းဖြင့် ကောက်ခံလျှက်ရှိသော်လည်း၊ ယခု ထပ်တိုးသည့် 1875 ဖုန်းနံပါတ်နှင့် ပတ်သက်သည့် ၀န်ဆောင်မှုများအား တစ်မိနစ်လျှင် 100 ကျပ်ဖြင့် ကောက်ခံတော့မည် ဖြစ်ကြောင်း၊ ယခင်အတိုင်း 24နာရီလုံး မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရပါသည်။