Home Blog

Skype ဆိုတာကတော့ လူတိုင်းသိထားပြီးသား Application တစ်ခုဖြစ်ပါတယ်ဗျာ။ အင်တာနက်မှတဆင့် နိုင်ငံတကာသို့ အခမဲ့ဖုန်းခေါ်ဆိုပေးနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်ဗျာ။ Viber တို့ Tango တို့ မပေါ်ခင်ကတည်းက Skype ဆိုတာ နာမည်ကြီးပြီး လူသုံးများခဲ့တာပါ။  ငွေဖြည့်ပြီး ဖုန်းခေါ်ဆိုနိုင် တဲ့ Account တွေလည်းရှိပါတယ်။ သူကတော့ အင်တာနက်ကွန်နရှင်မလိုဘူးပေါ့ဗျာ။ ဖုန်းခေါ်မယ့်သူနဲ့ လက်ခံမယ့်သူဟာ အင်တာနက်ကွန်နရှင်သာရှိနေခဲ့မယ်ဆိုရင်တော့ Free ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်ဗျာ။ Download ရယူချင်သူများအောက်က Link မှာဒေါင်းယူသွားနိုင်ပါတယ်ဗျာ။


Features:
• Find all your friends and family in an instant – With over 250 million people using Skype, you’re bound to bump into someone you know.

• Talk with your fingers – No matter where you are, your friends are always at your fingertips with free instant messaging.

• Call your world from Skype – Talk to your heart’s content with free voice and video calls to all your friends and family on Skype.

• Low cost calls to mobiles and landlines too – Keep in touch, even if they’re not on Skype, with low cost calls

 

 

အထွက် Call ကို ပိတ်ထားနိုင်တဲ့ App ဖြစ်ပါတယ်။ အသုံးဝင်ပုံကတော့ ..
ကိုယ့်ဖုန်းကို ခဏခဏ ငှားပြီး ဖုန်းခေါ်တဲ့သူတွေကို
ဖုန်းခေါ်လို့မရအောင် အထွက် Call ပိတ်ထားလို့ရပါတယ်။ ပိတ်တဲ့နေရာမှာ
မြန်မာလို message ရေးပြီး ဖော်ပြခိုင်းလို့ရပါတယ်။ ဥပမာ ..
“ ငွေလက်ကျန်မရှိသောကြောင့် ခေါ်ဆိုလို့မရနိုင်ပါ ”
“ NETWORK ERROR”
“ ဟေ့ကောင် .. ကျွန်တော့်ဖုန်းကနေသူများကိုခေါ်လို့မရနိုင်ပါ ”
“လူကြိမင်းကလှနေသောကြောင့်ခေါ်ဆိုလို့မရနိုင်ပါ"
..... အဲ့ဂလို message တွေကို ဖုန်းခေါ်တဲ့အခါ ဖော်ပြခိုင်းလို့ရတယ်ဗျ
သူငယ်ချင်းတွေကို နောက်လို့လဲရတယ်။ Out Call Blocker ကိုဖွင့်လိုက်ရင် Password အနေဖြင့် သုညလေးလုံး ရိုက်ကာ App ထဲကို ၀င်ရပါမယ်။
ပြီးမှ Password ကို ကိုယ်ကြိုက်တာ ပြန်ပြောင်းနိုင်တယ်။ အထွက် Call ကို
ပိတ်လိုက်ရင်တော့ ဘယ်လိုမှ ဖုန်းခေါ်လို့မရတော့ပါ။ ကိုယ်ရေးထားတဲ့ message ပဲ ပေါ်လာပါမယ်။ အတည်ပဲသုံးသုံး အပျော်ပဲသုံးသုံး ကြိုက်သလိုသာ သုံးပေတော့ .. ရော့ ..

လိုအပ်ရင်အောက်ကလင့်လေးမှာဒေါင်းပါဗျာ

Download

Ref : http://www.pyaephyo.com

ကဲဗျာ ဥာဏ်စမ်း Game ကောင်းကောင်းလေးတွေတင်ပေးပါလို့ တောင်းဆိုထားသူများအတွက်  Bridge Constructor ဆိုတဲ့ ဥာဏ်စမ်း Game လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ အခုအသစ်ထွက်ထားတဲ့ Version လေးမှာတော့ အရင်အဟောင်းတွေနဲ့မတူပဲ Feature အသစ်လေးတွေ အခန်းအသစ်လေးတွေ ထပ်တိုးပြီးပါဝင်လာတာကိုတွေ့ရပါတယ်ဗျာ။ ပိုပြီးကစားလို့ကောင်းလာတာပေါ့ဗျာ။ သေသေချာချာလေးကို စဉ်းစား ချင့်ချိန်ပြီးကစားရမယ့် Game လေးဖြစ်ပါတယ်ဗျာ။ စစပေါ်ခြင်းတုန်းက လူကြိုက်အတော်များခဲ့တဲ့ Game တစ်မျိုးပါဘဲ။ အခုလည်း 8-Oct မှာ Version အသစ်ထွက်လာလို့တင်ပေးလိုက်တာပါ။ Game ရဲ့ ပုံစံလေးကတော့ တောင်တစ်တောင်နဲ့ တစ်တောင်ကြား မြစ်တစ်ခုနဲ့တစ်ခုကြားတွေမှာ တံတားထိုးပေး ရတဲ့ Game လေးပါ။ အဆင့်တွေက လည်းအများကြီးနဲ့ကစားရမှာပါ။ တဆင့်ထက်တဆင့်က ပိုပိုခက်လာ ပါတယ်။ တကယ့်ကို သွေးအေးအေး နဲ့ ဦနှောက်သုံးပြီး ကစားချင်သူများအကြိုက်တွေ့စေမှာပါ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

 

Download

Ref : www.winkabarkyaw.net

 

အခုတင်ပေးလိုက်တဲ့ Application လေးကတော့ ဖုန်းထဲကနေ မိမိတို့ကြည့်ချင်တဲ့ Movies တွေ ၊ MTV သီချင်းတွေ ၊ Video တွေများစွာကိုရှာဖွေပြီး ဒေါင်းယူနိုင်တဲ့ SnapTube Youtube Downloader နောက် ဆုံးထွက် Version လေးတစ်ခုဖြစ်ပါတယ်ဗျာ။ အသုံးပြုရတာလွယ်ကူပြီး ရှာဖွေရတာလည်းလွယ်ကူပါတယ်။ Download ဆွဲယူရာမှာလည်း Resume Download ရရှိတဲ့အတွက် File Size အကြီးတွေကိုဆွဲယူမယ်ဆို လည်းအဆင်ပြေစေမှာဖြစ်ပါတယ်ဗျာ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ် ဗျာ။

Dwonload

Ref : www.winkabarkyaw.net

ဒီဂိမ်းလေးကိုကျွန်တော်အသစ်ထွက်လာတိုင်း တင်ပေးနေကြဖြစ်ပါတယ်ဗျာ။ အရမ်းကစားလို့ကောင်းတဲ့ Game လေးတစ်ခုဖြစ်နေလို့ပါ။ အခုတင်ပေးလိုက်တဲ့ Game လေးကတော့ တင်ပေးနေကြသမရိုးကျ ဂိမ်းတွေ ၏နဲ့မတူပါဘူးဗျာ။ ပုံကိုကြည့် လိုက်တာနဲ့တင်သိမှာပါ။ ဖဲရိုက်ရမယ့် Game ဖြစ်ပါတယ်ဗျာ။ နယ်တကာလှည့်ပြီးဖဲရိုက်ရမှာပါ။ နိုင်သွား ရင်တော့ လိုချင်တာတွေဝယ်နိုင်တာပေါ့ဗျာ။ရှိုးကစားရမှာနော် ရှိုးဆိုတော့လည်း အေးအေးဆေးဆေးနဲ့ ဦးနှောက်သုံးပြီးကစားရမှာပေါ့။ ကျွန်တော်တင်ပေးလိုက်တာ Hack ထားပြီးသား Game လေးဖြစ်လို့ စိတ်ကြိုက်ကစားနိုင်မှာဖြစ်ပါတယ်ဗျာ။ လိုက်မလား ပြေး မလား ခေါ်မလား ပုံအောမလားပေါ့ဗျာ။ ဟဲဟဲဟဲ ကြားဖူး နားဝလေးတွေပြောပြတာပါ။ တော်တော်စိတ်ဝင် စားဖို့ကောင်းတဲ့ Game လေးဖြစ်လို့ လိုချင်ရင်အောက်က Link မှာ ဒေါင်းယူသွားနိုင်ပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာကစား နိုင်မှာဖြစ်ပါတယ်ဗျာ။

 

Download

Ref : www.pyaephyo.com