Home Blog

Backup ဆိုတာမျိုးက နေရာတိုင်းမှာရှိထားသင့်ပါတယ်။ ကွန်ပြူတာ ဖုန်းတွေမှာလည်း ရှိကိုရှိထားဖို့လိုအပ် ပါတယ်။ ဒါကြောင့် MyBackup Pro နောက်ဆုံးထွက် Version လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကတော့ Applications , Photo , Music , Video , Contacts , Call Log . SMS , Browser Bookmarks , MMS (message attachments) , Calendar , System Setting , Alarms , စတာတွေအားလုံးကို Backup လုပ်ပေးနိုင်ပါတယ်ဗျာ။ ဒီလောက်ဆိုရင် Backup လုပ်ဖို့အတွက် Android ဖုန်းမှာပြည့်စုံနေပါပြီ သူ့ မှာကျွန်တော်သဘောကျတာကတော့ Backup ကို Schedule လုပ်ပေးနိုင်တာကိုသဘောကျပါတယ်။ Backup ဆိုတာကို User တွေသတိထားစေချင်ပါတယ် မပေါ့စေချင်ပါဘူး။ မိမိရဲ့ တန်ဖိုးရှိ တဲ့ အရေးကြီး Data တွေကို Backup လုပ်ထားဖို့တိုက်တွန်းချင်ပါတယ်။ Android OS 1.5 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။အောက်မှာဒေါင်းနိုင်ပါတယ်
Ref : www.winkabarkyaw.net

MX player လို့ ပြောလိုက်တာနဲ့  android ဖုန်းသုံးစွဲသူတိုင်းသိပြီးသားဖြစ်မှာပါ......update လေးထွက်လာလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ....

30 . 12 . 2013 ရက်နေ့ ကမှ play store ပေါ်မှာ  186 ဘတ်တောင်ပေးရပါတယ်..
ကျွန်တော့် မိတ်ဆွေတွေအနေနဲ့ အသုံးပြူမယ်ဆိုရင် အခမဲ့ ဒေါင်းနိုင်ပါတယ်။
ဒီကောင်လေးက video player ဖြစ်ပြီး android version 2.1 အထက်မှာအသုံးပြုလို့ ရပါတယ်။ဖိုင်ဆိုဒ်ကတော့  ( 6mb ) ဖြစ်ပါတယ်။
အောက်ဖော်ပြပါ formart အမျိုးအစားတွေကို အဆင်ပြေပြေဖွင့် လို့ ရမှာဖြစ်ပါတယ်။

Android အတွက် စွယ်စုံသုံး ဆော့ဝဲလ် Android Tuner v0.12.8 Apk (Latest Version) လာပါပြီဗျာ။ Android ဖုန်းတစ်လုံးးရဲ့ battery, cpu, network, memory ကိုစောင့်ကြည့်ထိန်းသိမ်ပေးခြင်း၊ မလိုအပ် တဲ့ ဆော့ဝဲလ်တွေ ကို uninstall လုပ်ခြင်း၊ Android ဖုန်းကို မြန်ဆန်သွက်လက်အောင် ဆောင်ရွက်ပေးခြင်း။ Android ဖုန်းတစ်လုံးရဲ့ နောက်ကွယ်မှာ run နေတဲ့ programs တွေကို ပိတ်ပေးခြင်း၊ ဖုန်းကို backup/restore လုပ်ပေးခြင်း၊ System app များကို ဖျက်ထုတ်နိုင်ခြင်း၊ Android ဖုန်းကို Reboot, Recovery , Bootloader, shudtdown လုပ်နိုင်ခြင်း အစရှိတာတွေကိုလုပ်ဆောင်နိုင်ပါတယ်။ APN, BT discovery, GPS & WiFi Localization ကိုဒီဆော့ဝဲလ်နဲ့ အဖွင့်အပိတ်လုပ်နိုင်ပါတယ်။ သူ့ရဲ့ tools တွေကိုအကုန်အသုံးပြုချင် တယ်ဆိုရင်တော့ ဖုန်းကို root လုပ်ထားဖို့လိုအပ်ပါတယ်ခင်ဗျာ။ Android version 2.1 နှင့်အထက်မှာ အသုံးပြုနိုင်ပါတယ်။ အသုံးဝင် tools များစွာပါဝင်တဲ့ အတွက် Android ဖုန်းရှိသူတိုင်း အသုံးပြု သင့်ပါတယ်ခင်ဗျာ။

Download

ဖုန်းနဲ့အင်တာနက်အသုံးပြုသူများအတွက် သင့်တော်မယ့် Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Version

အသစ်ထွက်လာလို့တင်ပေးလိုက်တာပါဗျာ။ ဒီကောင်လေးက ဘာတွေလုပ်ဆောင်ပေးနိုင် လည်းဆိုရင် Notification Bar မှာ

မိမိအသုံးပြုနေတဲ့ Internet Connection ရဲ့ Speed ဘယ်လောက်ရ ရှိနေ လည်းဆိုတာကိုဖော်ပြပေးနိုင်မှာဖြစ်ပါတယ်ဗျာ။

ဒါ့အပြင်မိမိ တစ်နေ့တာအသုံးပြုခဲ့တဲ့ Data Usage တွေ အားလုံးကို မှတ်တမ်းအနေနဲ့သိမ်းထားပေးမှာဖြစ်ပါတယ်။

ကျွန်တော်ကတော့ ဘောကျလို့ လက်ရှိ အသုံးပြုနေပါတယ်ဗျာ။ ဒါလေးကိုသုံးခြင်းအားဖြင့် မိမိရဲ့ ကွန်နရှင်

ကျနေလား မြန်နေလားဆိုတာသိ ရှိနိုင်ပြီး ကျနေတယ်ဆိုရင် ဆက်မသုံးဘဲ ပိတ်ထားနိုင်ပါတယ်ဗျာ။ အဲဒါဆို ရင်တော့

ပိုက်ဆံမကုန်တော့ ဘူးပေါ့။ Speed Meter မရှိဘူးဆိုရင်တော့ ဘယ်လောက်ကျနေမှန်မသိ တက်နေ မှန်းမသိနဲ့ ဖွင့်ပြီးစောင့်နေ ရင်တော့ ဖုန်း Bill

ပိုကုန်မှာပေါ့ဗျာ။လိုအပ်ရင်အောက်မှာဒေါင်းသွားလိုက်ပါ

 

Download

REF: www.winkabarkyaw.net


ကျွန်တော့် android သက်တမ်း ကြုံသမျှ ဆောင်ရန်ရှောင်လေးတွေပါ။ စေတနာတစ်ခုတည်းနဲ့ မသိသေးသော android user ကိုကို မမ သူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်။ ကျွန်တော့် အကြံပြုချက်လေးတွေသာ အသုံးတည့်သွားရင် ကျေနပ်ပါတယ်။ =

1.    မိမိတို့ ဖုန်းမှာ USB Debugging ကိုအမြဲ ဖွင့်ထားပါ။ Gingerbread(2.3.X) နဲ့ အောက်ပိုင်း version တွေဆိုရင် Setting>application>development ထဲမှာ usb debugging ကို check box - On ထားပြီး ဖွင့်ထားရပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x) တွေဆိုရင် Setting>Developer options ထဲမှာ usb debugging ကို check box-On ပြီ ဖွင့်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတော်တဆ ကျွန်တော်တို့ရဲ့ android ဟာ အကြောင်းအမျိုးမျိုးကြောင့် firmware ကျသွားမယ်…ဒါမှမဟုတ် pattern/pin/password lock တစ်ခုခုကျသွားမယ်ဆိုရင်ပြသနာပြန်လည်ဖြေရှင်းတဲ့အခါ ဆိုင်မှာပဲ သွားလုပ်လုပ်၊ ကိုယ့်ဟာကိုယ်ပဲ လုပ်လုပ် အဲဒီ usb debugging ကိုဖွင့်ထားတဲ့ အတွက် ကွန်ပျူတာမှာ detect သိနိုင်ဖို့အကြောင်းတစ်ခုဖြစ်လို့ လွယ်လွယ်ကူကူ ပြသနာကိုဖြေရှင်းနိုင်မှာပါ။

 

***stay your usb debugging always ON cause you can get detection your android with computer easily when you lost your firmware or security lock.

2.   မိမိဖုန်း ဘက်ထရီ ကို အမြဲတမ်း charging power 30% ထက်မနည်းထားပေးပါ။ ဖုန်းကို charging အကုန်သုံးတတ်တာကို ရှောင်ပေးပါ။ charging loss ကြိမ်ဖန်များစွာဖြစ်ရင် android firmware ကိုထိစေတတ်ပါတယ်။

 

***always make sure not to be under 30% of batter charging .